ngo info

Organization Name မိဘမတ္တာ
Contact person Ma Phyu
Contact Address အမှတ် (၁၄၅) ၊ ပိတောက်လမ်း ၊ အလယ်ရွာကြီး
Contact Email loveship.2013@gmail.com
Contact Phone 09773435192
Website -
Establishment (Year) ၁၈.၁၀.၂၀၁၂
Registration status Waiting to be registered/တင်ထားဆဲ
Function of Organization others
Type of Organization Community Based Organization
Sectors Child protection (ကလေးသူငယ်ကာကွယ် စောင့်ရှောက်ခြင်း), Other, Protection
Ohter -
States or Regions Yangon (ရန်ကုန်)
Township လှိုင်သာယာမြို့နယ်
Extra Information ရည်ရွယ်ချက်
မိဘမေတ္တာအဖွဲ့၏အနာဂတ်ရည်မှန်းချက်များ
(က) ကလေးသူငယ်များအတွက် လုံခြုံသောပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာစေရန်
(ခ) ကလေးသူငယ်များ လူမှု့ဝန်ထမ်းစိတ်ဓာတ်မြင့်မားလာစေရန်နှင့် အသိပညာပေးဆောင်ရွက်သွားရန်
(ဂ) ကလေးမိဘများ ကလေးပြုစုပျိုးထောင်နည်းအတတ်ပညာများ သိရှိလာရန်နှင့် မိမိတို့၏ သားသမီးများကို အကောင်းဆုံး အကျိုးစီးပွားအား ဖန်တီးလာနိုင်စေရန်
(ဃ) ရပ်ကွက်အတွင်း ကလေးသူငယ်များကို ခွဲခြားဆက်ဆံမှု ကင်းစင်လာစေရန်
(င) ရပ်ကွက်အတွင်းမှ ကလေးသူငယ်များ ရုပ်ပိုင်း ၊ စိတ်ပိုင်းဖွံ့ဖြိုးလာစေရန်
ကူညီပေးသွားမည့်ကလေးအမျိုးအစားများ
(၁) မိဘမဲ့ 
(၂) မသန်စွမ်း
(၃) အလုပ်လုပ်နေရသောကလေး
(၄) သက်ကြီးရွယ်အိုဦးဆောင်နေရသော မိသားစုမှကလေး
(၅) အမှုအခင်းနှင့် ရင်ဆိုင်နေရသောကလေး
အဖွဲ့အစည်းနောက်ခံအကြောင်းအကျဉ်း
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ၊ အလယ်ကျေးရွာ ၊ မိဘမေတ္တာ (C.S.G) ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းကို ၁၈.၁၀.၂၀၁၈နေ့တွင်ဖွဲ့စည်းခဲ့ပါသည်။ (C.S.G) member ၁၆ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ မိဘမေတ္တာကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သည် ကလေးများ မှုခင်းများကို ရှာဖွေဖော်ထုတ်ကူညီဆောင်ရွက်ပေးခဲ့ပါသည်။ မိဘမေတ္တာ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့သည် ရန်ပုံငွေအနေဖြင့် (C.S.G) အဖွဲ့ဝင်များက တစ်လလျှင် တစ်ကြိမ် အလှူငွေများကို ထည့်ဝင်ပေးကြပါသည်။ ကလေးမိဘများကလည်း အလှူငွေကို တတ်နိုင်သလောက် ထည့်ပေးကြပါသည်။ အဖွဲ့ရန်ပုံငွေများကို ကလေးများအမှုအခင်းများတွင် ကုန်ကျစရိတ်ဖြင့် သုံးဆောင်ရန်သတ်မှတ်ထားပါသည်။ ၁၈.၁၈.၂၀၁၃ရက်နေ့မှ ၁၄.၅.၂၀၁၃အထိ အဖွဲ့ရန်ပုံငွေမှ ၅၁၀၀၀ကျပ်တိတိကို ရရှိခဲ့ပါသည်။ မိဘမေတ္တာ (C.S.G) အဖွဲ့အား ရတနာ့မေတ္တာအဖွဲ့မှ အလှူငွေ ၃၀၀၀၀၀ကျပ်ကို ထည့်ဝင်လှူဒါန်းပေးခဲ့ပါသည်။ ၄င်းငွေအား ၁၄.၅.၂၀၁၄မှ ၂၀၁၅အထိ သက်ငယ်မုဒိန်း (၂) မှု ၊ နယ်ကျော်ကလေး (၅) မှုနှင့် (C.S.G) Meeting များတွင် အသုံးပြုခဲ့ပါသည်။
Logo
Files