ngo info

Organization Name မဟေသီမြို့နယ်အဆင့် စိတ်တူကိုယ်တူဦးဆောင်အဖွဲ့
Contact person ဒေါ်နွယ်နီလှိုင်
Contact Address အိမ်အမှတ် (၉၉) ၊ မဟာဗန္ဓုလလမ်း ၊ ရွှေဘုံသာရပ်ကွက် ၊ သရက်မြို့
Contact Email mahaythitlg@gmail.com
Contact Phone 09252698811
Website -
Establishment (Year) ၂၅.၇.၂၀၁၃
Registration status Registered / မှတ်ပုံတင်ပြီး
Function of Organization others
Type of Organization Community Based Organization
Sectors Capacity building (စွမ်းဆောင်ရည် မြှင့်တင်ခြင်း), Coordination/Networking (ညှိုနှိုင်း/ချိတ်ဆက်ခြင်း), Education (ပညာရေး), Gender (ကျားမရေးရာ), Health (ကျန်းမာရေး), Livelihood (အသက်မွေးမှု), Other, Women empowerment (အမျိုးသမီး စွမ်းရည်မြှင့်တင်ခြင်း)
Ohter -
States or Regions Magway (မကွေး)
Township သရက်မြို့
Extra Information ရည်ရွယ်ချက်
မဟေသီမြို့နယ်အဆင့် စိတ်တူကိုယ်တူ ဦးဆောင်အဖွဲ့ကို အောက်ပါရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားပါသည်။
- စိတ်တူကိုယ်တူ အမျိုးသမီးများအဖွဲ့များအတွက် လိုအပ်သော သတင်းအချက်အလက်များ စုဆောင်းပေးပို့နိုင်ရန်နှင့် လိုအပ်သောဝန်ဆောင်မှုများရရှိရေးနှင့် အသိပညာ ၊ နည်းပညာဆိုင်ရာများ ကူညီပံ့ပိုးမှုရရှိရန်အတွက် မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်
- စိတ်တူကိုယ်တူအဖွဲ့များအတွက် လိုအပ်သော ဈေးကွက်ရရှိရေး ၊ ဒေသနှင့် ကိုက်ညီသောစိုက်ပျိုးရေး ၊ မွေးမြူရေးလုပ်ငန်းများ ၊ ပညာရေး ၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ ၊ အခြားနည်းပညာရှင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်
- အမျိုးသမီးများ ၊ ကလေးများနှင့် ထိခိုက်လွယ်သော မိသားစုများအား ကူညီပေးနိုင်ရန်
- သဘာဝအန္တရယ် ထိခိုက်ခံရသူများအား တတ်စွမ်းသမျှ ကူညီပေးနိုင်ရန်
- ကျေးလက်လူထုအတွင်း ရေရှည်ဖွံ့ဖြိုးတိုးတက်သော လုပ်ငန်းစဉ်များ ဖြစ်ပေါ်လာစေရန်အတွက် ပူးပေါင်းဆောင်ရွက်မှုဖြင့် အကောင်အထည်ဖော်လာနိုင်ရန်
အဖွဲ့အစည်းနောက်ခံအကြောင်းအကျဉ်း
မကွေးတိုင်းဒေသကြီး ၊ သရက်မြို့နယ်ရှိ မဟေသီမြို့နယ်အဆင့် စိတ်တူကိုယ်တူဦးဆောင်အဖွဲ့သည် (25.7.2013) တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အသင်းမှတ်ပုံတင်ရရှိထားပြီး မှတ်ပုံတင်အမှတ် (၆/သရက်/၀၀၁) ဖြစ်ပါသည်။ ကျေးရွာပေါင်း (၂၅) ရွာ စိတ်တူကိုယ်တူအဖွဲ့ပေါင်း (၄၀) ဖွဲ့ အဖွဲ့ဝင်ပေါင်း (၄၂၃) ဦးဖြင့် ကျေးရွာများရှိ နွမ်းပါးမိသားစုဝင်အမျိုးသမီးများကို အခြေခံ၍ ဖွဲ့စည်းထားပါသည်။ (၂၀၀၅-၂၀၀၆) တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP/ICDP) စီမံကိန်းမှ သရက်မြို့နယ်တွင် ကျေးလက်လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ကျေးလက်အမျိုးသမီးများအား ကိုယ့်အားကိုယ်ကိုးတတ်လာစေရန် ၊ ယုံကြည်မှုရှိလာစေရန် ၊ စွမ်းဆောင်ရည်မြင့်မားလာစေရန် ၊ ငွေကြေးများကို စနစ်တကျစီမံခန့်ခွဲတတ်လာစေရန် ၊ ကျေးလက်နေ အမျိုးသမီးများ၏ လူနေမှုဘသမြင့်တက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် တစ်ဖွဲ့လျှင် နွမ်းပါးမိသားစုဝင် (၁၅) ဦးမှ (၂၀) ဦးအထိ စုစည်း တည်ထောင်ထားသော စိတ်တူကိုယ်တူအဖွဲ့လေးများဖွဲ့စည်းခဲ့သည်။ ထို့နောက် ကျေးရွာစိတ်တူကိုယ်တူအဖွဲ့များ စုစည်းပြီး အဖွဲ့အချင်းချင်း ရိုင်းပင်းကူညီရန် ၊ တစ်ဖွဲ့၏အားသာချက် ၊ အားနည်းချက်များကို အပြန်အလှန်မျှဝေလာနိုင်စေရန် ၊ ပြဿနာအခက်အခဲများကို ဝိုင်းဝန်းကူညီဖြေရှင်းပေးနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် မိမိတို့နယ်မြေအလိုက် စိတ်တူကိုယ်တူအုပ်စုဦးဆောင်အဖွဲ့များဖွဲ့စည်းခဲ့သည်။ အုပ်စုဦးဆောင်အဖွဲ့ပေါင်း (၆) ဖွဲ့ရှိပါသည်။ (၂၀၁၃) တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်သည် အသွင်ကူးပြောင်းကာ ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များကို ပိတ်သိမ်းခဲ့ပါသည်။ နယ်မြေအုပ်စုအဆင့် စိတ်တူကိုယ်တူ အမျိုးသမီးအဖွဲ့များအား မြို့နယ်အဆင့် စိတ်တူကိုယ်တူဦးဆောင်အဖွဲ့အဖြစ် မိမိဒေသရပ်ရွာကို အခြေခံသော ကျေးလက်နေ ဖအမျိုးသမီးအရပ်ဖက်အဖွဲ့အစည်းများဖြစ်ပေါ်လာစေရန် ၊ အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိစေရန် ၊ အမျိုးသမီးများအား စွမ်းရည်မြင့်တင်ရေးသင်တန်းများပေးနိုင်ရန် ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ချက်များဖြင့် မဟေသီမြို့နယ်အဆင့်စိတ်တူကိုယ်တူဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အခြားအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကိုယ့်အားကိုယ်ကိုးအဖွဲ့များ ခိုင်မာတောင့်တင်းအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်သူလူထုအတွင်းရှိ လူမှုစီးပွားရေးဆိုင်ရာ အခက်အခဲပြဿနာများကို လျော့ပါးသက်သာစေပြီး အမျိုးသမီး ၊ အမျိုးသားအခန်းကဏ္ဍကိုမြှင့်တင်ပေးခြင်းအားဖြင့် ထိခိုက်လွယ်ပြည်သူတို့၏ ရက်ရှည်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ထွန်းကားကျယ်ပြန့်လာစေပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာစေရန် ကျေးရွာမြို့နယ် အဆင့်တွင်သာမက နိုင်ငံတော်အဆင့်အထိပါ လူမှုစီးပွားရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်သည့် အစိုးရအသိအမှတ်ပြု အမျိုးသမီးဦးဆောင်သော လူမှုအဖွဲ့အစည်းတစ်ရပ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများကို ဦးဆောင်လာနိုင်ရန် ရည်မှန်းချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။
Logo
Files