ngo info

Organization Name အမရအောင်အမျိုးသမီးအဖွဲ့
Contact person ဒေါ်သန်းရင်
Contact Address ကျန်းတန်းရပ်ကွက် ၊ အမရပူရမြို့နယ် ၊ မန္တလေးမြို့
Contact Email yinmoe554@gmail.com
Contact Phone 09440517852
Website -
Establishment (Year) ၁၆.၁.၂၀၁၆
Registration status Other, please specify
Function of Organization others
Type of Organization Community Based Organization
Sectors Gender (ကျားမရေးရာ), Other, Protection, Research /advocacy (သုတေသနနှင့် စည်းရုံးလှုံ့ဆော်ခြင်း)
Ohter -
States or Regions Mandalay (မန္တလေး)
Township အမရပူရမြို့နယ်
Extra Information ရည်ရွယ်ချက်
၁။ ရပ်ရွာအတွင်းရှိ အမျိုးသမီးများအား ကျား ၊ မ အခြေပြု အကြမ်းဖက်မှုများအကြောင်း သိရှိစေရန်နှင့် အမျိုးသမီးကိုယ်စားပြုအဖွဲ့ငယ်လေးများ ဖွဲ့စည်းလာနိုင်စေရန်။
၂။ အမျိုးသမီးကိုယ်စားပြုအသံများ ထွက်ပေါ်လာစေပြီး တန်းတူညီမျှမှု ၊ တရားမျှတမှုတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများ ၊ အစိုးရအာဏာပိုင်များနှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားရန်။
အဖွဲ့အစည်းနောက်ခံအကြောင်းအကျဉ်း
အမရအောင် အမျိုးသမီးအဖွဲ့အဖြစ် အသစ်ပြန်လည်မဖွဲ့စည်းမီ ၂၀၁၃ခုနှစ်တွင် အမရအောင် အလုပ်သမားအဖွဲ့အဖြစ် မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ၊ ကျန်တန်းရပ်ကွက်ရှိ အမျိုးသား ၊ အမျိုးသမီး (၅၁) ဦးတို့ဖြင့် စတင်အခြေပြုတည်ထောင်ဖွဲ့စည်းခဲ့ပါသည်။ အဖွဲ့အနေဖြင့် အမရအောင် အလုပ်သမားအဖွဲ့အတွင်းရှိ မိသားစုဝင်ကလေးများကို ပညာရေးထောက်ပံ့မှုများ နှစ်စဉ်ပြုလုပ်ခဲ့ပါသည်။ွ မန္တလေးတိုင်းအတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများမှပေးသော အမြင်ဖွင့်သင်တန်းများသို့ ချိတ်ဆက်ပို့ဆောင်ပေးခဲ့ပါသည်။ ဖြေရှင်းပေးခဲ့သည့် မြို့နယ်များမှာ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ညောင်ရွှေမြို့နယ် ၊ မကွေးတိုင်း ၊ ချောက်မြို့နယ် ၊ မန္တလေးတိုင်း မြင်းခြံခရိုင် ၊ ကျောက်ဆည်မြို့နယ်များတွင် သိမ်းဆည်းခံ လယ်မြေများကို ပြန်လည်ရရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ အဆိုပါဒေသများတွင် အလုပ်သမားသမဂ္ဂအဖွဲ့များကိုလည်း ဖွဲ့စည်းပေးခဲ့ပါသည်။ အဖွဲ့ဝင်အမျိုးသမီးအများစုသည် ၂၀၁၄ ၊ ၂၀၁၅ခုနှစ်များတွင် World Vision အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အမရပူရမြို့နယ် ရပ်ရွာအခြေပြု ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် လုပ်အားပေးများအဖြစ် တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းကာလများအတွင်း ရပ်ရွာအတွင်း ဖြစ်ပေါ်ခဲ့သော ကလေးသူငယ်စွန့်ပစ်မှု ၊ ကလေးအိမ်ဖော်အား နှိပ်က်ညှဉ်းပန်းမှု ၊ သက်ငယ်အမျိုးသမီး မုဒိမ်းမှုများနှင့် အရွယ်ရောက် အမျိုးသမီးမုဒိမ်းမှုများ ၊ ကာမလိမ်လည်လှည့်ဖြားမှုများအစရှိသည်တို့ကို ဖော်ထုတ်၍ ဥပဒေပညာရှင်များ ၊ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ချိတ်ဆက်ပြီး ဥပဒေကြောင်းအရ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ခဲ့ကြပါသည်။ ၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် အမရအောင် အလုပ်သမားအဖွဲ့အဖြစ်မှ အမရအောင်အမျိုးသမီးသို့ ပြောင်းလဲပြင်ဆင်ပြီး အမျိုးသမီး (၂၆) ဦးဖြင့် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ အမရအောင်အမျိုးသမီးအဖွဲ့ဝင်များသည် Women Organization Network- Mandalayမှ ဖွင့်လှစ်ခဲ့သော အမျိုးသမီးစွမ်းဆောင်ရည်မြှင့်သင်တန်းများတွင် ပါဝင်တက်ရောက်ခဲ့ကြပြီး ရပ်ရွာအတွင်း အမျိုးသမီးဆိုင်ရာကိစ္စရပ်များတွင် ပိုမိုတိုးမြှင့်လုပ်ဆောင်နေကြပါသည်။
Logo
Files