ngo info

Organization Name အလင်းမီးအိမ်
Contact person ဦးချမ်းငြိမ်းမိုး
Contact Address အမှတ် (ည/၇/၇၄) ၊ ကျောက်စိမ်းလမ်း ၊ နယ်မြေ (၇) ၊ ရပ်ကွက် (၁၀) ၊ လားရှိုးမြို့
Contact Email channyeinmoe@gmail.com
Contact Phone 09403701714
Website -
Establishment (Year) ၂၀၀၇
Registration status Other, please specify
Function of Organization others
Type of Organization Community Based Organization
Sectors Health (ကျန်းမာရေး), Other
Ohter -
States or Regions Eastern Shan (ရှမ်းပြည်နယ် အရှေ့ပိုင်း), Northern Shan (ရှမ်းပြည်နယ်မြောက်ပိုင်း)
Township လားရှိုးမြို့နယ်
Extra Information ရည်ရွယ်ချက်
၁။ MSM PLHIVများအား ကူညီရန်
၂။ HIV/AIDS ရောဂါတားဆီးရေး လုပ်ငန်းများ၌ ပါဝင်ကူညီရန်
၃။ အဖွဲ့ထဲတွင် ပါဝင်သည်ဖြစ်စေ ၊ မပါဝင်သည်ဖြစ်စေ ကူညီရန်
၎။ MSMများ၏ လူနေမှုဘဝအား တတ်နိုင်သမျှ မြှင့်တင်ပေးရန်
အဖွဲ့အစည်းနောက်ခံအကြောင်းအကျဉ်း
အလင်းမီးအိမ်အဖွဲ့သည် ၂၀၀၇ခုနှစ် ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းစဉ်က Care Myanmar အဖွဲ့ လားရှိုးရုံးခွဲမှ ဦးဆောင်ဖွဲစည်းပေးခဲ့ပါသည်။ အဖွဲ့ကို MSMများနှင့်သာ ဖွဲ့စည်းခဲ့သည်။ မူလဦးတည်ချက်မှာ MSM/PLHIVများကို ကူညီရန်နှင့် MSMများတွင် ဖြစ်ပွားနေသော HIV/AIDSရောဂါကူးစက်မှုကို လျှော့ချနိုင်ရန် အချင်းချင်း ကျန်းမားရေး အသိပညာပေးနိုင်ရန် ရည်ရွယ်ခဲ့ပါသည်။ အဖွဲ့ဝင်များဖြင့် အချင်းချင်းကို ကူညီမှုပြုလုပ်ခဲ့ပါသည်။ ကျန်းမာရေးပညာပေး ဆွေးနွေးခြင်း ၊ ကူညီထောက်ပံ့ခြင်း ၊ ဆေးရုံတက်ဘဝတူများကို ကူညီစောင့်ရှောက်ခြင်း ၊ အိမ်တွင်းပြုစုခြင်း စသည်များ ပြုလုပ်ခဲ့ပါသည်။ ၂၀၀၉ခုနှစ်တွင် UNDP ၏ မတည်ငွေရင်း ၁၀သိန်းကျပ်ရရှိခဲ့ပြီး MSM PLHIV များနှင့် MSM များကို ဝင်ငွေ တိုးချေးငွေများ ထုတ်ချေးနိုင်ခဲ့ပါသည်။ ရရှိငွေများဖြင့် MSM PLHIVများကို ထောက်ပံ့ကူညီနိုင်ခဲ့ပါသည်။
၂၀၁၃ခုနှစ်မှစ၍ International HIV/AIDS Alliance Myanmar ၏ Partnership ဖွဲ့မှုဖြင့် Link Up Project ရရှိခဲ့ကာ ၁၈နှစ်မှ ၂၄နှစ်ကြား အမျိုးသားလူငယ်များကို HIV/AIDSကျန်းမားရေးဆိုင်ရာမျိုးဆက်ပွား ကျန်းမာရေးနှင့် ပေါင်းစပ်ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါသည်။ အဖွဲ့ဝင်များကိုလည်း အလုပ်ပေးနိုင်ခဲ့သည်။ ၂၀၁၄ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့မှ ပစ်တိုင်းထောင် ဖောင်ဒေရှင်း၏ ကူညီထောက်ပံ့မှုဖြင့် HIV/AIDSလူနာများကို ကူညီနိုင်ခဲ့ပါသည်။ MSM PLHIVများကို ရိက္ခာထောက်ပံ့ခြင်း ၊ ဆေးရုံတက်လူနာ ကူညီထောက်ပံ့ခြင်း ၊ နာရေးကူညီထောက်ပံ့ခြင်း ၊ HIV/AIDS ဝေဒနာရှင်များ သွေးလိုအပ်မှုရှိပါက သွေးထောက်ပံ့ခြင်း စသည်များကို ယနေ့ထိ ကူညီနိုင်ခဲ့ပါသည်။
ယခုနောက်ပိုင်းတွင် HIV/AIDS ရောဂါတိုက်ဖျက်ရေး အပြင် LGBT Right နှင့် Human Right အသိပညာပေးလုပ်ငန်းများကို အခြားလူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ လုပ်ဆောင်ခဲ့သည်။ အဖွဲ့ဝင်များ၏ အသိပညာ တိုးတက်ရေးအတွက် စွမ်းရည်မြှင့်သင်တန်းများကို ချိတ်ဆက်ထားသော နက်ဝေါ့များဖြင့် လည်းကောင်း ၊ အခြားအဖွဲ့အစည်းများ၏ ဖိတ်ကြားမှုဖြင့် လည်းကောင်း သင်တန်းပေးနိုင်ခဲ့ပြီး ရုံးတွင်း၌ စာကြည့်တိုက် အငယ်စားဖွင့်ကာ ဗဟုသုတတိုးပွားစေရန် လေ့လာစေလျှက်ရှိပါသည်။ လူငယ်ကွန်ရက်များနှင့် ချိတ်ဆက်လျက် လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်များ ၊ လူငယ်တွေ့ဆုံပွဲများတွင် ပူးပေါင်းပါဝင်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေး ကွန်ရက်များနှင့် ချိတ်ဆက်လျက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း ပါဝင်ဆောင်ရွက်နိုင်ခဲ့ပါသည်။
အဖွဲ့အနေဖြင့် နောင်တွင် ဆင်းရဲမှုလျှော့ချရေး ၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်လုပ်ကိုင်ရန် အစီအစဉ်ရှိသကဲ့သို့ ပြင်ဆင်လေ့လာမှုများလည်း ပြုလုပ်နေပါသည်။ အခြားလူမှုအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားရန် အစီအစဉ်ရှိပါသည်။
Logo
Files