ngo info

Organization Name မေအားမာန်မြို့နယ် အဆင့် လူမှုဖွံ့ဖြိုးရေးအဖွဲ့ ၊ မေအားမာန် စိတ်တူကိုယ်တူဦးဆောင်အဖွဲ့
Contact person ဒေါ်မိုင်ခင်စုစုခိုင်
Contact Address အမှတ် (C-302) ၊ ဥတ္တရလမ်းနှင့် အောင်သစ္စာလမ်းထောင့် ၊ မင်းအောင်ရပ် ၊ အမှတ် (၃) ရပ်ကွက် ၊ ဆင်ပေါင်ဝဲမြို့ ၊ သရက်ခရိုင် ၊ မကွေးတိုင်းဒေသကြီး
Contact Email mayarman.swe2015@gmail.com
Contact Phone 09263049119
Website -
Establishment (Year) ၁၅.၈.၂၀၁၃
Registration status Other, please specify
Function of Organization Network & Working Group (ကွန်ရက်နှင့်လုပ်ငန်းအဖွဲ့ )
Type of Organization Community Based Organization
Sectors Capacity building (စွမ်းဆောင်ရည် မြှင့်တင်ခြင်း), Coordination/Networking (ညှိုနှိုင်း/ချိတ်ဆက်ခြင်း), Other, Women empowerment (အမျိုးသမီး စွမ်းရည်မြှင့်တင်ခြင်း)
Ohter -
States or Regions Magway (မကွေး)
Township ဆင်ပေါင်ဝဲမြို့
Extra Information ရည်ရွယ်ချက်
ကိုယ့်အားကိုယ်ကိုးမြို့နယ် TLG (Township Leading Group), CLG (Cluster Leading Group), SRG (Self Reliance Group) အလိုက် အဆင့်ဆင့်တွင် ဌာနဆိုင်ရာများ ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် မြို့နယ်အုပ်စုအတွင်း ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားတက်လာစေရန် ၊ သတင်းအချက်အလက်နှင့် ထုတ်ကုန်များကို ဈေးကွက်သို့ ပို့ဆောင်နိုင်ရန် ၊ အမျိုးသမီးများစွမ်းဆောင်ရည်မြင့်တင်ရန်နှင့် ပြောဆိုဆွေးနွေးခွင့်များမြင့်တက်နိုင်ရန် ၊ ကျေးလက်နေ အမျိုးသမီးများ၏ လတ်တလောလိုအပ်ချက်နှင့် ရေရှည်လိုအပ်ချက်များကို ဖော်ထုတ်ကာ ပြန်လည်ဖြည့်ဆည်းပေးနိုင်သော ကျေးလက်နေအမျိုးသမီးများ ဦးဆောင်သည့် အဖွဲ့အစည်းအဖြစ် မြို့နယ်တွင်းတွင်သာမက နိုင်ငံတော်အဆင့်အထိ ရေရှည်ရပ်တည်လာနိုင်ရန်
အဖွဲ့အစည်းနောက်ခံအကြောင်းအကျဉ်း
UNDP/ICDPကျေးလက် လူမှုဖွံ့ဖြိုးရေးစီမံကိန်း ၂၀၀၅ခုနှစ်တွင် ဆင်ပေါင်ဝဲမြို့နယ်တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ကျေးရွာအဆင့်တွင် နွမ်းပါးအိမ်ထောင်စုဝင်များမှ အမျိုးသမီးများ တစ်အိမ်ထောင်လျှင်တစ်ဦးစီ ပါဝင်ဖွဲ့စည်းပေးထားသော အဖွဲ့များမှ ငွေစုခြင်း ၊ ငွေချေးခြင်း ၊ ဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ စီမံကိန်းချမှတ်ထားသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ကျေးရွာချင်း နီးစပ်ရာ အုပ်စုချင်းအုပ်စု အဆင့် စိတ်တူကိုယ်တူ ဦးဆောင်အဖွဲ့များကို ၂၀၁၂ခုနှစ်တွင် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၃ UNDP ကူးပြောင်းကာလတွင် ကျေးရွာအဆင့်နှင့် အုပ်စုအဖွဲ့အဆင့်အချင်းချင်း အခက်အခဲများကို အတူတကွဖြေရှင်းနိုင်ရန် ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်ဆောင်ရွက်လာနိုင်ရန် ၊ ကျေးလက်နေအမျိုးသမီးများ၏ စွမ်းဆောင်ရည်များမြှင့်တက်လာစေရန် ၊ ဒေသတွင်းနှင့် နိုင်ငံတော်အဆင့်အထိ မိတ်ဖက်အဖွဲ့အစည်းများ ၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်အကောင်အထည်ဖော်လာနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၃ခုနှစ်မှ ယခုတိုင် (၅) နှစ်တာ ကာလအတွင်း တက်ညီလက်ညီ စွမ်းစွမ်းတမံ လက်တွဲညီညီဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
Logo
Files