ngo info

Organization Name ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအသင်း (Golden Future PWDs Development Organization)
Contact person ဒေါ်မိမော်
Contact Address ရပ်ကွက် (၇) ၊ နယ်မြေ (၁၈) မြို့ပတ်လမ်း ၊ ၁၄၇လားရှိုးမြို့
Contact Email goldenfuture789@gmail.com
Contact Phone 09953981943
Website -
Establishment (Year) ၂၀၁၇
Registration status Other, please specify
Function of Organization others
Type of Organization Community Based Organization
Sectors Education (ပညာရေး), Health (ကျန်းမာရေး), Human Rights (လူ့ အခွင့်အရေး), Infrastructure (အခြေခံ အဆောက်အအုံ), Other
Ohter -
States or Regions Eastern Shan (ရှမ်းပြည်နယ် အရှေ့ပိုင်း), Northern Shan (ရှမ်းပြည်နယ်မြောက်ပိုင်း), Southern Shan (ရှမ်းပြည်နယ်တောင်ပိုင်း)
Township လားရှိုးမြို့နယ်
Extra Information ရည်ရွယ်ချက်
၁။ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်ပေးရန်။
၂။ မသန်စွမ်းသူများ၏ ပညာရေး ၊ ကျန်းမာရေး ထောက်ပံ့ပေးရန်။
၃။ မသန်စွမ်းသူများ အသက်မွေးဝမ်းကြောင်း ပညာသင်ကြားပေးနိုင်ရန်။
၎။ မသန်စွမ်းသူများ လူ့အသိုင်းဝိုင်းအလည်တွင် အမှီအခိုကင်းစွာ ရပ်တည်နိုင်ရန်။
၅။ မသန်စွမ်းသူများ အများပိုင်အဆောက်အဦးများတွင် သွားလာရလွယ်ကူစေရန် ၊ ပြုပြင်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းများပြုလုပ်ရန်။
၆။ မသန်စွမ်းသူများအပေါ် မသန်စွမ်းမှုကို အကြောင်းပြု၍ ခွဲခြားဆက်ဆံခြင်း လျော့နည်းပပျောက်စေရန်။
၇။ မသန်စွမ်းသူများသည် မိမိတို့ရပိုင်ခွင့်ရှိသော အခွင့်အရေးအများ ၊ ဥပဒေများကို သိရှိနားလည်စေရန် ၊ အသိပညာပေးခြင်းများ ပြုလုပ်ရန်။
အဖွဲ့အစည်းနောက်ခံအကြောင်းအကျဉ်း
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် မသန်စွမ်းသူများ အမှန်တစ်ကယ်ကိုယ်စားပြုပြီး ထိရောက်စွာ ကူညီပံ့ပိုးပေးသော အဖွဲ့အစည်းမရှိသေးသဖြင့် စိတ်တူကိုယ်တူ ဖြစ်သော မသန်စွမ်း ၃ဦး စတင်ပြီး ဆွေးနွေးစကားပြောကြသည်မှစ၍ မသန်စွမ်းသူများကို ကိုယ်စားပြုသည့် မသန်စွမ်းသူများ ကိုယ်တိုင်ဦးဆောင်သော မသန်စွမ်းသူများ အဖွဲ့အစည်းကို စတင်အကောင်အထည်ဖော်ရန် အကြိမ်ကြိမ်ဆွေးနွေးပြုလုပ်ခဲ့ရာ ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေးအသင်းကို ၂၀၁၇ခုနှစ် စတင်ဖွဲ့စည်းနိုင်ခဲ့ပြီး အဖွဲ့အစည်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါသည်။ အဖွဲ့အစည်းအဝေးများ ဆွေးနွေးပွဲများကို ရန်ကုန်မှ ဆရာ/ဆရာမများက မေတ္တာဖြင့် အားဖြည့်ကူညီပံ့ပိုးပေးခဲ့ပါသည်။ ၂၀၁၈ခုနှစ်တွင် ရွှေရောင်အနာဂတ်အဖွဲ့၏ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့ပါသည်။ ထို့နောက် တက်ရောက်သူ ၁၅ဦးမှ မဲစနစ်အရ ဦးလင်းသူဟန် (ဥက္ကဌ) ၊ ဦးမောင်ထူး (ဒုဥက္ကဌ) ၊ ဒေါ်အေးငြိမ်းသူ (အတွင်းရေးမှုး) ၊ ဒေါ်ကြူကြူလှိုင် (ဘဏ္ဍာရေးမှူး) ၊ ကိုခန့်မင်းထွန်း (ငွေစာရင်းကိုင်) ၊ ဒေါ်မိမော် (ပြန်ကြားရေးမှူး) တို့ကို မဲပေးဆုံးဖြတ်ချက်အတိုင်း ရွေးချယ်ကာ အသီးသီးစနစ်တကျ တာဝန်ယူဆောင်ရွက်ခဲ့ကြသည်။ ရွှေရောင်အနာဂတ် မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းတွင် မသန်စွမ်းအဖွဲ့ဝင် EC ၁၃ယောက်ဖြင့် ကိုယ်ထူကိုယ်ထ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
Logo
Files