ngo info
Organization Name A Linn Mee Aein
Contact person ဦးချမ်းငြိမ်းမိုး
Contact Address အမှတ်(ည/၇/၇၄)၊ ကျောက်စိမ်းလမ်း၊ နယ်မြေ(၇)၊ ရပ်ကွက်(၁၀)၊ လားရှိုးမြို့
Contact Email channyeinmoe@gmail.com
Contact Phone 09-403701714
Website
Establishment (Year) 2007
Registration status Other, please specify
Function of Organization Program & Project Implementer (အစီအစဉ်/စီမံကိန်း ဆောင်ရွက်သူ)
Type of Organization Community Based Organization
Sectors Coordination/Networking (ညှိုနှိုင်း/ချိတ်ဆက်ခြင်း), Youth empowerment (လူငယ်ထု စွမ်းရည်မြှင့်တင်ခြင်း), Health (ကျန်းမာရေး), Human Rights (လူ့ အခွင့်အရေး)
Ohter
States or Regions Northern Shan (ရှမ်းပြည်နယ်မြောက်ပိုင်း)
Township
Extra Information
ရည်ရွယ်ချက်
1.MSM PLHIV များအားကူညီရန်၊<o:p></o:p>
2.HIV/AIDS ရောဂါတားဆီးရေး လုပ်ငန်းများ၌
ပါဝင်ကူညီရန်၊<o:p></o:p>
3.အဖွဲ့ထဲတွင် ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ၊
ကူညီရန်၊<o:p></o:p>
အလင်းမီးအိမ် အဖွဲ့သည် ၂၀၀၇ ခုနှစ် ဇူလိုင်လတွင်
စတင်ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်း စဉ်က Care Myanmar အဖွဲ့ လားရှိုးရုံးခွဲမှ ဦးဆောင်
ဖွဲ့စည်းပေးခဲ့ပါသည်။ အဖွဲ့ကို MSM များနှင့်သာ ဖွဲ့စည်းခဲ့သည်။ မူလဦး တည်ချက်မှာ
MSM PLHIV များကို ကူညီရန်နှင့် MSM များတွင် ဖြစ်ပွားနေသော HIV/ AIDS ရောဂါကူးစက်မှု
ကို လျှော့ချနိုင်ရန် အချင်းချင်း ကျန်းမာရေး အသိပညာပေးနိုင်ရန် ရည်ရွယ်ခဲ့ပါသည်။ အဖွဲ့ဝင်များဖြင့်
အချင်းချင်းကို ကူညီမှု ပြုလုပ်ခဲ့ပါသည်။ ကျန်းမာရေး ပညာပေး ဆွေးနွေးခြင်း၊ ကူညီထောက်ပံ့ခြင်း၊
ဆေးရုံတက်ဘဝတူများကို ကူညီ စောင့်ရှောက်ခြင်း၊ အိမ်တွင်းပြုစုခြင်း စသည်များ ပြုလုပ်
ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်တွင် UNDP ၏ မတည် ငွေရင်း ၁၀ သိန်းကျပ် ရရှိခဲ့ပြီး MSM
PLHIV များနှင့် MSM များကို ဝင်ငွေ တိုးချေးငွေများ ထုတ်ချေးနိုင်ခဲ့ပါသည်။ ရရှိငွေများဖြင့်
MSM PLHIV များကို ထောက်ပံ့ကူညီနိုင်ခဲ့ပါသည်။<o:p></o:p>
HIV/AIDS Alliance Myanmar ၏ Partnership ဖွဲ့မှုဖြင့် Link Up Project ရရှိ ခဲ့ကာ ၁၈
နှစ်မှ ၂၄ နှစ်ကြား အမျိုးသားလူငယ်များကို HIV/ AIDS ကျန်းမာရေးဆိုင်ရာ မျိုးဆက်ပွား
ကျန်းမာရေးနှင့်  ပေါင်းစပ် ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါသည်။
အဖွဲ့ဝင်များကိုလည်း အလုပ် ပေးနိုင်ခဲ့သည်။ ၂၀၁၄ ဖေဖေါ်ဝါရီလတွင် ရန်ကုန်မြို့မှ ပစ်တိုင်း
ထောင် ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် HIV/ AIDS လူနာ များကို ကူညီနိုင်ခဲ့ပါသည်။
MSM PLHIV များကို ရိက္ခာ ထောက်ပံ့ ခြင်း၊ ဆေးရုံတက်လူနာ ကူညီထောက်ပံ့ခြင်း၊ နာရေး ကူညီ
ထောက်ပံ့ခြင်း၊  HIV/ AIDS ဝေဒနာရှင်များ သွေးလိုအပ်
မှုရှိပါက သွေးထောက်ပံ့ခြင်း စသည်များကို ယနေ့ထိ ကူညီနိုင်ခဲ့ပါသည်။<o:p></o:p>
နောက်ပိုင်းတွင် HIV/ AIDS ရောဂါတိုက်ဖျက်ရေး အပြင် LGBT Right နှင့် Human Right အသိ
ပညာပေး လုပ်ငန်း များကို အခြားလူမှုအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ လုပ်ဆောင် ခဲ့သည်။  အဖွဲ့ဝင်များ၏ အသိပညာ တိုးပွားရေး အတွက် စွမ်းရည်မြှင့်သင်တန်းများကို
ချိတ်ဆက်ထားသော နက်ဝေါ့များ ဖြင့်လည်းကောင်း၊ အခြားအဖွဲ့အစည်းများ၏ ဖိတ်ကြားမှုဖြင့်
လည်းကောင်း သင်တန်းပေးနိုင်ခဲ့ပြီး ရုံးတွင်း၌ စာကြည့်တိုက် အငယ်စားဖွင့်ကာ ဗဟုသုတတိုးပွားစေရန်
လေ့လာစေလျှက် ရှိပါသည်။ လူငယ်ကွန်ရက်များနှင့် ချိတ်ဆက်လျှက် လူငယ် ဖွံ့ဖြိုး ရေးအစီအစဉ်များ၊
လူငယ် တွေ့ဆုံပွဲများတွင် ပူးပေါင်း ပါဝင်နိုင်ခဲ့သည်။ ငြိမ်းချမ်းရေး ကွန်ရက်များနှင့်
ချိတ်ဆက်လျှက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင်လည်း ပါဝင် ဆောင်ရွက်နိုင်ခဲ့ ပါသည်။<o:p></o:p>
နောင်တွင် ဆင်းရဲမှုလျှော့ချရေး၊ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်
လုပ်ကိုင်ရန် အစီအစဉ်ရှိသကဲ့သို့ ပြင်ဆင် လေ့လာမှုများလည်း ပြုလုပ်နေပါသည်။ အခြားလူမှုအဖွဲ့အစည်း
များနှင့်လည်း ပူးပေါင်း လုပ်ဆောင်သွားရန် အစီအစဉ်ရှိပါသည်။<o:p></o:p>
Logo
Files