ngo info

Organization Name Green Network Tanintharyi Region (Myanmar)
Contact person ဦးမျိုးဦး
Contact Address အမှတ် (--) ထိန်သာယာလမ်း ၊ ထိန်ချောင်ကျေးရွာ ၊ ကတ္တကျေးရွာအုပ်စု ၊ ကျွန်းစုမြို့နယ် ၊ တနင်္သာရီတိုင်း
Contact Email myooo12316@gmail.com
Contact Phone 09250618114
Website -
Establishment (Year) ၂၀၁၃ခုနှစ်
Registration status Other, please specify
Function of Organization Network & Working Group (ကွန်ရက်နှင့်လုပ်ငန်းအဖွဲ့ )
Type of Organization Network
Sectors Coordination/Networking (ညှိုနှိုင်း/ချိတ်ဆက်ခြင်း), Disaster risk reduction (သဘာဝဘေးအန္တရာယ် လျော့ပါးရေး), Environment (သဘာဝပတ်ဝန်းကျင်), Human Rights (လူ့ အခွင့်အရေး)
Ohter -
States or Regions Tanintharyi (တနင်္သာရီ)
Township ကျွန်းစုမြို့နယ်
Extra Information ရည်ရွယ်ချက်
၁။ လူသားများနှင့်တကွ ဇီဝမျိုးစုံကွဲစသော မျိုးနွယ်စုပေါင်းစုံရှင်သန်နေသော ဂေဟစနစ်များရေရှည်ဖွံ့ဖြိုးတိုးတက်လာခြင်း ၊ ဒေသခံများ၏ အကျိုးစီးပွားပိုမိုဖြစ်ထွန်းစေမည့် သဘာဝပတ်ဝန်းကျင် ၊ လူမှုပတ်ဝန်းကျင်များပြန်လည်ဖြစ်လာစေရေး
၂။ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူထုပါဝင်ထိန်းသိမ်းသော နည်းစနစ်ဖြင့် ကြိုးပမ်းဆောင်ရွက်ရန်
၃။ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများ မပျက်သုဉ်းသည့် ဒေသခံများ၏လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်တာဝန်နှင့် ရပိုင်ခွင့်ညီတူညီမျှခံစားနိုင်ရေးအသိပညာပေးခြင်း ၊ လေ့ကျင့်သင်ကြားပေးခြင်း ၊ စည်းရုံးခြင်း စီမံခြင်းများဆောင်ရွက်ရန်
၎။ ဌာနေတိုင်းရင်းသားများ၏အခွင့်အရေးအရ မိမိတို့၏ ရယူပိုင်ခွင့်အခြေအနေများအား ပိုမိုသိရှိနားလည်စေရန်
၅။ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းများဆောင်ရွက်နေသည့် ပြည်တွင်းပြည်ပ I INGOs, NGOs, CSO များနှင့် ချိတ်ဆက်ပြီး ဒေသတွင်း စီးပွားရေး ၊ လူမှုရေးများ ပိုမိုကောင်းမွန် မြှင့်တင်လာစေရေး ကြိုးပမ်းဆောင်ရွက်ရန်
၆။ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွင် လူတိုင်းပါဝင်လာစေကာ လျင်မြန်မှန်ကန်စွာတိုးတက်လာစေရန်
၇။ လူထုအခြေပြုလုပ်ငန်းများအစဉ်အလာ တစ်ရပ်အနေဖြင့် ထွန်းကားပြန့်ပွားအခြေတည်လာစေရန်
အဖွဲ့အစည်းနောက်ခံသမိုင်းအကြောင်းအကျဉ်း
“Green Network Tanintharyi Region (Myanmar) Community Development and Environmental Conservation Groupအား ၂၀၁၃ခုနှစ် နိုဝင်ဘာလတွင် အဖွဲ့ဝင်အင်အား ၅ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
Green Network Tanintharyi Region (Myanmar)-Community Development and Environmental Groupသည် တွင်းထွက် သယံဇာတများ ထုတ်ယူသုံးစွဲခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် သစ်တောသယံဇာတများ ပျက်စီးဆုံးရှုံးမှုဆိုင်ရာ စောင့်ကြည့်လေ့လာခြင်းနှင့် ဒေသလိုအပ်ချက်များဖြစ်သော အိမ်သုံးသစ်နှင့် ထင်းလောင်စာအသုံးပြုမှုဆိုင်ရာ ဒီရေတောများအား ထိန်းသိမ်းကာကွယ်ခြင်းနှင့် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်နိုင်စေရန် ဒေသခံပြည်သူများအသိပညာပေးခြင်း ၄င်းတို့ကိုယ်တိုင် အစုအဖွဲ့တည်ထောင်နိုင်စေရန် ကူညီပံ့ပိုးပေးခြင်းများအား အဓိက ဆောင်ရွက်ပါသည်။
Green Network Tanintharyi Region, Myanmarသည် EITI, FLEGT Processများ ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းလုပ်ငန်း ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးခြင်း ၊ စသည့်လုပ်ငန်းများကို NGOs, INGOs, CSOများနှင့် ပူးပေါင်းဆောင်ရွက်ပါသည်။ တနင်္သာရီတိုင်းဒေသသည် ပင်လယ်ပြင်နှင့် ထိစပ်နေသော ကမ်းရိုးတန်းဒေသစီးပွားရေးလုပ်ငန်းအဖြစ်လုပ်ကိုင်ကြပါသည်။ တနင်္သာရီတိုင်းဒေသတွင် နေထိုင်ကြသော ဒေသခံပြည်သူများအားလုံးနီးပါး သဘာဝသယံဇာတများ ၊ ရေသယံဇာတများ ၊ တွင်းထွက်သယံဇာတများပျက်ဆီးဆုံးရှုံးမှုများပြားလာသည့် ဖြစ်စဉ်များကြောင့် ထိုသယံဇာတများအား ထိန်းသိမ်းရန်ပိုမိုလိုအပ်လာပါသည်။ ထို့ကြောင့် Network Tanintharyi Region, Myanmar-Community Development and Green Environment Conservation Group အားဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

Logo
Files