ngo info

Organization Name Mandalay Affairs Team
Contact person မချောစုလှိုင်
Contact Address အမှတ် ၈၆ ၊ ၂၈လမ်း ၊ ၇၄ × ၇၅ ကြား ၊ ချမ်းအေးသာစံမြို့နယ် ၊ မန္တလေးမြို့
Contact Email khinthuthuzar1@gmail.com
Contact Phone 09970700375
Website -
Establishment (Year) ၁၀.၁၂.၂၀၁၂
Registration status Other, please specify
Function of Organization others
Type of Organization Community Based Organization
Sectors Other, Research /advocacy (သုတေသနနှင့် စည်းရုံးလှုံ့ဆော်ခြင်း)
Ohter -
States or Regions Mandalay (မန္တလေး)
Township ချမ်းအေးသာစံမြို့နယ်
Extra Information ရည်ရွယ်ချက်
- စားသုံးသူများ မိမိအခွင့်အရေးသိရှိရန် ၊ လုံခြုံစိတ်ချသော စားသုံးကုန်များ ၊ ဝန်ဆောင်မှုများကိုရွေးချယ်ဝယ်ယူသုံးစွဲနိုင်ရန်။
- စားသုံးသူများ၏ အခက်အခဲနစ်နာမှုများအတွက် တိုင်ကြားမှုယန္တာရားကို စောင့်ကြည့်လေ့လာရန်နှင့် တိုင်ကြားမှုယန္တာရားအကြောင်းကို စားသုံးသူများထံသတင်းအချက်အလက်ပေးရန်။
- စားသုံးသူများ ဥပဒေသိရှိရန်။
- သဘာဝပတ်ဝန်းကျင်ကို တစ်ကိုယ်ရေထိန်းသိမ်းတတ်စေရန်နှင့် ဓာတုလျှော့ချ ထုတ်ကုန်များကို လူတိုင်း ပြုလုပ်သုံးစွဲတတ်လာစေရန်။
အဖွဲ့အစည်းနောက်ခံအကြောင်းအကျဉ်း
စားသုံးသူများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် ၊ ရိုးရာအစားအစာများကို ပြန်လည်ဖော်ထုတ်ရန် ၊ ဒေသထွက်ကုန်များအား အသုံးပြု၍ အိမ်တွင်းစီးပွားရေးလုပ်ငန်းများ မြင့်မားလာစေရန် ရည်ရွယ်၍ Mandalay Affairs Teams ကို (၁၀.၁၂.၂၀၁၂) တွင်ရည်ရွယ်ချက်တူသူများ (၂၁) ယောက်နှင့် စတင်ဖွဲ့စည်းခဲ့သည်။ မန္တလေး LRCတွင် ၂၀-၂၁ Jan ၂၀၁၃တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စားသုံးသူပညာပေးသင်တန်းပေးခဲ့သည်။ (၂၈.၂.၂၀၁၃) တွင် ဒို့ရိုးရာမုန့်ပွဲတော်ကို စဥ့်ကိုင်မြို့နယ် ဥယျာဉ်လေးကျေးရွာ မာဃိန္ဒာရာမ ဘ/က ကျောင်းတွင် ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် စားသုံးသူပြခန်းများပြသခြင်း ၊ စားသောက်ကုန်များတွင် ပါဝင်သော အရောင် ၊ အနံ့ ၊ အရသာများကို လက်တွေ့ပြုလုပ်ပြသခြင်း ၊ ကလေးသူငယ်များ သဘာဝဘေးအန္တရယ်များကျရောက်လာလျှင် ရင်ဆိုင်ဖြေရှင်းတတ်ရန် ပရိုဂျက်တာဖြင့်ပြသခြင်း ၊ ကလေးများ စားသုံးမှုဆိုင်ရာ စစ်တမ်းကောက်ယူခြင်း ၊ ဒေသထွက်ရိုးရာမုန့်များကို လူကြီး ၊ ကလေးအယောက် (၁၀၀၀) ခန့််ကို ကျွေးမွေးပညာပေးခဲ့သည်။ (၃၀.၁.၂၀၁၄) တွင် ဒီမိုကရေစီနည်းလမ်းများကို ကလေးငယ်များနားလည်၍ ပါဝင်ပူးပေါင်းဆော့ကစားတတ်စေရန် SIM Democracy Game သင်တန်းများကို ပြုလုပ်ခဲ့သည်။ (၁၀.၁.၂၀၁၅) တွင် “ဒို့ရိုးရာမုန့်ပွဲတော်” ကိုဒုတိယအကြိမ်ပြုလုပ်ခဲ့သည်။ လူကြီး ၊ ကလေးအယောက် (၇၀၀) ခန့် စဥ့်ကိုင်မြို့နယ် ၊ ဥယျာဉ်လေးကျေးရွာ ၊ မာဃိန္ဒာရာမ ဘ/က ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ (၂၉.၈.၂၀၁၅) တွင် IYD န့တွင် YMCAတွင် စားသုံးသူအသိပညာပေး ပြခန်းကို ပြသခဲ့သည်။ ထိုပွဲတွင် ရိုးရာမုန့်ကျွေးခြင်း ၊ ပြပွဲလာလူထုများ၏ စားသုံးသူရေးရာ အကြံပြုချက်ရယူခြင်း ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သရုပ်ဖော်ပြသခြင်း ၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနည်းများကို ပြသခဲ့ပါသည်။ ထိုပွဲတွင် လူကြီး ၊ လူငယ် ၊ အယောက် (၈၀၀) ခန့် လာရောက်ခဲ့သည်။ IPD နေ့ Community Centre ကျန်းမာရေးနှင့် သင့်လျှော်သော အစားအစာများကို အသိပညာပေးခြင်းဖြင့် တက်ရောက်လာသော ပရိတ်သတ်များကို ဧည့်ခံကျွေးမွေးနိုင်ခဲ့သည်။
Logo
Files