ngo info

Organization Name Solidarity of Trade Union Myanmar (STUM)
Contact person ဒေါ်မျိုးမျိုးအေး
Contact Address အမှတ်-၆၈၊ န၀ရတ်လမ်း ၊ ၇ ရက်ကွက် ရှေ
Contact Email stum.myomyo@gmail.com
Contact Phone 09-420034800
Website
Establishment (Year) 28.5.2016
Registration status Other, please specify
Function of Organization Program & Project Implementer (အစီအစဉ်/စီမံကိန်း ဆောင်ရွက်သူ)
Type of Organization Community Based Organization
Sectors Women empowerment (အမျိုးသမီး စွမ်းရည်မြှင့်တင်ခြင်း), Other
Ohter Labor Rights
States or Regions Yangon (ရန်ကုန်)
Township
Extra Information
ရည်ရွယ်ချက်

၁။ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နှင့်
လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ကို အလေးထားရန်။<o:p></o:p>

၂။ အလုပ်ရှင် အလုပ်သမား အတူလက်တွဲပြီး
ကောင်းမွန်သော လုပ်ငန်းခွင် ဖန်တီးတည်ဆောက်ရန်။<o:p></o:p>

၃။ အမျိုးသမီး ပါဝင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်ကို
ဖော်ထုတ်မြှင့်တင်ပေးရန်။<o:p></o:p>

၎။ မတရားမှု
ပပျောက်ပြီး တရားမျှတ လွတ်လပ်သည့် လူ့အသိုက်အ၀န်း တစ်ခုကို အတူတည်ဆောက်ရန်။<o:p></o:p>

၅။ မိမိ၏ အခွင့်အရေးကို တောင်းဆိုရာတွင် အခြားးသူများ၏
အခွင့်အရေးကို မချိုးဖောက်မိစေရန်။

အဖွဲ့အစည်းနောက်ခံအကြောင်းအကျဉ်း

၂၀၁၂ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ
အလုပ်သမားသမဂ္ဂအဖွဲ့ (MTUF) အနေဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ တွင် စက်မှုလက်မှု
နှင့် ၀န်ဆောင်မှုလုပ်ငန်းပေါင်းစုံ သမဂ္ဂအဖွဲ့ချုပ်ကို ပြောင်းလဲဖွဲ့စည်းခဲ့သည်။
၎င်းမှ သဘောထားမတိုက်ဆိုင်၍ ၂၀၁၆ မေလတွင် ရည်ရွယ်ချက်တူ စုပေါင်း၍ STUM
အဖြစ်ခွဲထွက်ခဲ့သည်။ စည်းရုံးရေးကာလကို ၂ နှစ် သတ်မှတ်ပြီး ၂၀၁၈ မေလတွင် တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့် ညီလာခံကျင်းပပြီး အမှုဆောင်အဖွဲ့ကို ရွေးချယ်တာဝန်ပေးပြီး
အဖွဲ့ချုပ်အဖြစ် တရားဝင် ၀န်ကြီးဌာနသို့ မှတ်ပုံတင်ရန် ရည်ရွယ်ထားပါသည်။ STUM ကို
အထက်မြန်မာပြည်၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အထည်ချုပ် အမျိုးသမီး သမဂ္ဂ ဟူ၍ ကဏ္ဍများခွဲကာ
ပေါင်းစည်းထားသည်။ ထို့အပြင် လုပ်ငန်းအဖွဲ့အနေဖြင့် Program Director တစ်ဦး၊
Finance တစ်ဦး၊ သုတေသနအရာရှိ (၁)ဦး၊ Office Staff တစ်ဦး စုစုပေါင်း(၄)ဦးဖြင့် ရုံးလုပ်ငန်း
များကို ဆောင်ရွက်လျှက်ရှိပြီး၊ အငြင်းပွားမှုဖြေရှင်းရန်နှင့် သမဂ္ဂအဖွဲ့များ ဖွဲ့စည်းရန်အတွက်
စည်းရုံးရေးမှုး (၆)ဦးကို ရန်ကုန် (၂)ဦး၊ ဧရာဝတီ(၂)ဦး၊ မန္တလေး(၂)ဦးဖြင့်
တာဝန်ယူ ဆောင်ရွက်လျက်ရှိပါသည်။

အဖွဲ့အစည်း၏ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော လုပ်ငန်းစဉ်အကျဉ်း

၁။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အလုပ်သမားများ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ
အခွင့်ရေးများ တန်းတူရရှိရန်နှင့် ILO ၏ Convention များကို အလုပ်သမား ဥပဒေပါ
အခွင့်ရေးများ၊ ပြဌာန်းချက်များအတိုင်း တန်းတူညီမျှ ခံစားရရှိစေရေးအတွက်
ပံ့ပိုးပေးခြင်း၊ ကာကွယ်ပေးခြင်း၊ အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းပေးခြင်း။<o:p></o:p>

၂။
ညီညွတ်သော အစုအဖွဲ့ ဖြစ်ပေါ်စေရန်၊ မတူညီသော အလုပ်သမားများအား အတူတကွ
ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန်နှင့် အသိပညာများ
ဆင့်ပွါးဖြန့်ဝေပေးနိုင်ရန် သင်တန်းများ ပို့ချခြင်း။<o:p></o:p>

၃။
အမှုကိစ္စများအား အချိန်နှင့်တပြေးညီ တိုင်ပင်ဆွေးနွေး အကြံဥာဏ်များပေးခြင်း၊
ကူညီဆောင်ရွက်ပေးခြင်းများနှင့် သက်ဆိုင်ရာ အဖွဲ့များနှင့် ညှိနှိုင်းခြင်းများ
ပြုလုပ်ပေးသွားခြင်း။

<o:p></o:p>

၎။ Policy
Campagin<o:p></o:p>

အလုပ်သမား
အခွင့်အရေး၊ ရပိုင်ခွင့်များနှင့် ပတ်သက်သည့် ကိစ္စရပ်များ<o:p></o:p>

(၁)
ဧရာဝတီတိုင်း ရေလုပ်သားများ<o:p></o:p>

(၂)
ကုန်တင်ကုန်ချ အလုပ်သမားများ<o:p></o:p>

(၃)
စက်ရုံအလုပ်သမားများ<o:p></o:p>

၅။
ဥပဒေပြင်ဆင်ရေးတွင် အခြားမိတ်ဖက် အဖွဲ့များနှင့် အတူပူးပေါင်း ဆောင်ရွက်ခြင်း။<o:p></o:p>

၆။        အမျိုးသမီး အခွင့်အရေးလုပ်ရှားမှုများတွင်<o:p></o:p>အခြားမိတ်ဖက်အမျိုးသမီး
အဖွဲ့အစည်းများနှင့် အတူတွဲလုပ်ခြင်း။

<o:p></o:p>

Logo
Files