ဥရောပသမဂ္ဂမှ ရံပုံငွေပံ့ပိုး၍ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော Helvetas Myanmar၊ Partnership for Transparency Fund e.V.(PTF)နှင့် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့(LRC)တို့မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော “PEACE” စီမံကိန်း၏ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားကို ဂျူလိုင်လ (၂၄) ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ Seattle (Bar&Restaurant)၌ ပြုလုပ်ခဲ့သည်။ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို လားရှိုးမြို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများမှ တက်ရောက်ပြီး အမျိုးသမီး (၁၇)ဦး၊ အမျိုးသား (၁၇)ဦးနှင့် စုစုပေါင်း(၃၄)ဦး တက်ရောက်ခဲ့သည်။ တက်ရောက်လာသူများမှ “PEACE Project သည် မိမိတို့ ဒေသတွင်း အမှန်တကယ် လိုအပ်သော စီမံချက်တစ်ခုဖြစ်ကြောင်း၊ မိမိတို့ CSOs များအား စီမံချက် စီမံခန့်ခွဲမှုနှင့် ပတ်သက်သောပညာရပ်များကို သင်ကြားပေးခြင်း ကူညီလမ်းပြပေးခြင်းအတွက် များစွာကျေးဇူးတင်ကြောင်း၊ PEACE Project မှရရှိသော သင်တန်းများကြောင့် မိမိတို့ အနေဖြင့် Civic Engagement သဘောတရားများကို သိရှိရကြောင်း၊ ထို့အပြင် မိမိတို့ပတ်ဝန်းကျင်ကိုလည်း ပြန်လည်မျှဝေခြင်းမျိုးကိုလည်းလုပ်ဆောင်လာနိုင်ကြောင်း၊ PEACE Project ကြောင့် ရှမ်းပြည်လူထုအကျိုးပြုကွန်ယက် ပေါ်ပေါက်လာပြီး အဖွဲ့ဝင်များက မိမိဒေသအတွက် ဒေသအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြကြောင်း၊ ထို့ကြောင့် PEACE Project အားအထူးပင်ကျေးဇူးတင်ရှိကြောင်း”များ ပြောကြားခဲ့သည်။
#PEACE
#Civic_Engagement
#EU
#LRC
#Helvetas
#PTF