အောက်တိုဘာလ ၁၉ရက်နေ့ ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (လှိုင်းဘွဲ့မြို့)၌ အရပ်ဘက်လူထု ပူးပေါင်းပါဝင်မှုမြင့်တင်ရေးသင်တန်းကို လှိုင်းဘွဲ့မြို့ရှိ လူငယ်များသည် လူမှုရေး ၊ နိုင်ငံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များကို သိရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ခဲ့သည်။

သင်တန်းသို့ တက်ရောက်လာသော အသက်၂၀နှစ်ရှိသူ နော်လှလှဖြူ (လှိုင်းဘွဲ့မြို့)မှ “ဒီCivic Engagement က လူထုအတွက် ကောင်းတဲ့သင်တန်းတစ်ခုပါ။ ဘာလို့လဲဆိုတော့ Civic Engagement က ပြည်သူလူထုရဲ့ စိုးရိမ်မှုတွေကို ဖြေရှင်းဖို့နဲ့ ရပ်ရွာရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ဖြစ်တယ်။ ဒီသင်တန်းတက်ရောက်ရတဲ့ရည်ရွယ်ချက်ကတော့ လူထုပူးပေါင်းပါဝင်မှုကို ပိုပြီးနားလည်လာအောင်ရယ် ပြည်သူတစ်ဦးဖြစ်တဲ့အတွက် နိုင်ငံသားကောင်းတစ်ယောက် ရှိသင့်ရှိထိုက်တဲ့ တာဝန်ဝတ္တရားတွေကို သိရှိပြီး ပြုမှုနေထိုင်တတ်ဖို့အတွက် တက်ရောက်ရခြင်းဖြစ်တယ်” ဟု ၎င်းသင်တန်းသို့ တက်ဖြစ်ရသည့်အကြောင်းအရင်းများကို ပြောကြားခဲ့သည်။

ထို့အတူ လှိုင်းဘွဲ့မြို့ (က)ရပ်ကွက်နေ မစမ်းစမ်းဝေမှလည်း “Civic Engagement ကိုနားလည်သလိုပြောရရင် တစ်ဦးသော်လည်းကောင်း ၊ အုပ်စုလိုက်သော်လည်းကောင်း ၊ ရပ်ရွာလူထုအတွက် ပြောင်းလဲမှု (သို့မဟုတ်) ကွဲပြားတဲ့တိုးတက်မှုများ လုပ်ဆောင်ပေးနိုင်မှုလို့ နားလည်တယ်။ ပြောင်းလဲမှု (သို့မဟုတ်) ကွဲပြားသော တိုးတက်မှုတွေက အများကြီးရှိတာပေါ့နော်။ ဥပမာ – အမှိုက်ကောက်စနစ်မရှိတဲ့နေရာမှာ အမှိုက်ကောက်စနစ်ရှိလာရင် ဒါသည် ပြောင်းလဲမှုမျိုးဖြစ်တယ်။ ပြီးတော့ လမ်းမကောင်းတဲ့နေရာမှာ လမ်းကောင်းလာအောင် လုပ်ပေးနိုင်ခြင်းသည် ဒါက ကွဲပြားသော တိုးတက်မှုလို့ပြောလို့ ရပါတယ်။ ဒီသင်တန်းကို တက်ရတဲ့ရည်ရွယ်ချက်က မသိသေးတဲ့အရာတွေ သိလာဖို့နဲ့ သိထားတဲ့အရာတွေကို ပိုသိအောင်ပါ” ဟု ထပ်လောင်းပြောကြားခဲ့သည်။

#CivicEngagement

#PEACE_Project

#Helvetas

#PTFe.V