လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့် အရေးများအကြောင်း မီဒီယာအလုပ်ရုံဆွေးနွေးပွဲအတွက် သင်တန်းသား လျှောက်လွှာခေါ်ယူခြင်း 

ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ (Local Resources Center)သည် လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့် အရေးများအကြောင်း မီဒီယာအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို  ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နှင့်၂၆ ရက် တို့တွင် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

မြန်မာ့လူမှုဝန်းကျင်တွင်လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အကြောင်းအရာများ ပြောဆိုဆွေးနွေးရာတွင် ယဉ်ကျေးမှုအရမပြောသင့်မပြောအပ်သောအရာများအဖြစ်မှတ်ယူနေဆဲဖြစ်ပါသည်။ သို့သော် လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာပြဿနာများ၊ စိန်ခေါ်မှုများမှာ  လူမှုစီးပွားရေး အဆင့်အတန်း၊ ဘာသာရေး၊ ယဉ်ကျေးမှုတို့နှင့်မသက်ဆိုင်ပဲ ကမ္ဘာနှင့်အဝန်းဖြစ်ပေါ်လျက်ရှိပါသည်။ ဤ သတင်းအချက်အလက်များကို လူထုအကြား သင့်တော််သောအသုံးအနှုန်းများဖြင့်အသုံးပြု၍ ရှင်းလင်းတင်ပြ တတ်စေရန်၊  တိကျမှန်ကန်စွာ သတင်းဖြန့်ဝေနိုင်စေရန်အတွက်ရည်ရွယ်၍ ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါသည်။
သင်တန်းကာလ ၂ ရက်အတွင်း ပြည်သူ့ကျန်းမာရေးမူဝါဒများ၊ မြန်မာနိုင်ငံ၏ အဓိကကျသော လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလေ့လာပြီး လိင်မှုဆိုင်ရာ၊ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များကို မီဒီယာမှတဆင့် မှန်ကန်စွာမျှဝေနိုင်မည့် နည်းလမ်းများ ကို လေ့လာသင်ယူကြမည်ဖြစ်ပါသည်။ လိင်မှုဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာသတင်းများ ရေးသား ပေးပို့ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကိုလည်း သင်တန်းသားအချင်းချင်း မျှဝေအဖြေရှာနိုင်မည် ဖြစ်သည်။
သင်တန််းတွင် အပိုင်း ၂ ပိုင်း ပါဝင်မည်ဖြစ်သည်။ ပထမပိုင်းတွင် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့နှင့် ၎င်း၏ မိတ်ဘက်အဖွဲ့များမှကျွမ်းကျင်သူများက မြန်မာနိုင်ငံ၏ လိင်မှုဆိုင်ရာနှင့်မျိုးဆက်ပွားကျန်းမာရေးနှင့် အခွင့် အရေးဆိုင်ရာအခြေအနေများနှင့် ပြဿနာများအကြောင်းကို ရှင်းလင်းပြောကြားပြီး၊

ဒုတိယပိုင်းတွင် သက်ဆိုင်ရာသတင်းများရေးသားထုတ်လုပ်နိုင်ရန် မီဒီယာသင်တန်းဆရာမှ ဦးဆောင် ကူညီသွားမည်ဖြစ်သည်။ သင်တန်းကာလအတွင်း မြန်မာနိုင်ငံတွင် လိင်မှုဆိုင်ရာနှင့်မျိုးဆက်ပွား ကျန်းမာရေး အခွင့်အရေးများနှင့်သက်ဆိုင်သည့်လုပ်ငန်းများဆောင်ရွှက်နေသော အစိုးရဌာနများ၊ အရပ်ဘက်အဖွဲ့အစည်း များ၊ NGO များနှင့်တက်ရောက်ခွင့်ရသည့် သတင်းစာဆရာ၊ ဆရာမများအကြား ရေရှည်စဉ်ဆက်မပြတ် ဆက်သွယ်နိုင်ရန် ဆက်သွယ်ရေးကွန်ရက်တည်ဆောက်နိုင်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။

လျှောက်ထားနိုင်သူများ
သတင်းစာ၊ အွန်လိုင်းမီဒီယာ၊ တီဗွီအစီအစဉ်နှင့်ရေဒီယိုအစီအစဉ်များတွင် လက်ရှိအလုပ်လုပ်နေသော သတင်း စာဆရာ၊ ဆရာမများလျှောက်ထားနိုင်ပါသည်။ နယ်မှလာရောက်မည့် သတင်းစာဆရာ၊ ဆရာမများအတွက် ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့မှခရီးစားရိတ်နှင့်နေထိုင်စားရိတ်များကျခံပေးမည်ဖြစ်သည်။

လျှောက်လွှာတင်ရန် နောက်ဆုံးရက်မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ဖြစ်သည်။

လျှောက်လွှာကို ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့  [email protected]  ဖုန်း ၀၉ ၄၅ ၄၄၄ ၁၉၃၀ သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။

လျှောက်လွှာပုံစံကို download pdf ကိုနှိပ်၍ ဒေါင်းနိုင်ပါသည်။